Positive Thinking

ကျွန်တော် က ရန်လင်းအောင်ပါ ။ Management Partners Myanmar Company မှာ Web Developer အနေ့ဖြင့် အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။ ကျွန်တော်ပြန်လည်မျှဝေပေးမယ့် အကြောင်းအရာကတော့ Positive Thinking နှင့်ပတ်သက်ပြီး ကျွန်တော်ရဲ့ ထင်မြင်ယူဆချက်လေးတွေဖြစ်ပါတယ်။

Positive Thinking 

NegativePositive Thinking ဆိုတာဘာလဲ ။ တနည်းအားဖြင့် အရာရာတိုင်းကို အကောင်းမြင်ခြင်းပေါ့ဗျာ ။ ဥပမာပြောရရင်ဗျာ Black and White မှာဆိုရင် အဖြူဘက်အခြမ်းကပေါ့၊ အကျိုးရှိရှိအသုံးချလေ ပိုမိုကောင်းမွန်တဲ့ အရာတွေဖြစ်ပေါ်စေမှာအမှန်ပါပဲ ။ ကိုယ်စတင်တွေးတဲ့အတွေးတွေကိုကောင်းတဲ့ဘက်ကစတွေးမယ် တွေးတဲ့အတိုင်းလဲလုပ်ဆောင်မယ် ဆိုရင် မိသားစု၊ လူမှုရေး၊ ကိုယ့်ရဲ့ အလုပ်အကိုင် ပတ်ဝန်းကျင်တွေမှာ ကောင်းတဲ့ အရာတွေဖြစ်ပေါ်စေမှာပါ။

 

 




 

Negative Thinking

Negative

Negative Thinking သူက အမဲဘက်အခြမ်း ၊ ကြားဖူးကြမှာပါ ကောင်းတာလုပ်ဖို့ထက် မကောင်းလုပ်တာလုပ်ဖို့က ပိုလွယ်တယ်၊ နောက် လမ်းမှားရောက်ဖို့ လဲလွယ်တယ်ပေါ့ဗျာ။ တနည်းအားဖြင့် ကျနော်တို့ စတင်တွေးတဲ့ အတွေးတွေက မကောင်းတဲ့ဘက်အခြမ်းက စတင်တွေးကြတာပါ၊ အခြေခံအားဖြင့် အတ္တ နဲ့ မာန အပေါ်မူတည်ပြီး အနည်းအများကွာခြားမယ် ။ ဥပမာဆိုရသော် မကောင်းမြင်တဲ့စိတ်တွေများနေရင် ပျော်ရွင်ခြင်းတွေပျောက်ဆုံးလာမယ်၊မိသားစုမှာလဲအဆင်မပြေတာတွေများလာမယ်၊ ဒါ့အပြင် အလုပ်အကိုင်ပတ်ဝန်းကျင်မှာလည်းပဲအခက်အခဲ၊အတားအဆီးတွေ များလာမယ်၊ မကောင်းတာလုပ်ရင် မကောင်းတာပဲ ဖြစ်လာမယ့်သဘောပေါ့ဗျာ ။

 

 

ကိုယ့်ကိုယ်ကို အကောင်းမြင်တတ်မှ သူတပါးအပေါ်မှာလဲ အကောင်းမြင် တတ်မှာဖြစ်ပါတယ်၊ ကိုယ်ရဲ့ ဖြစ်တည်မှုအပေါ် လက်ခံနိုင်ဖို့လိုအပ်ပါတယ်။
တချို့လူချစ်လူခင်ပေါတယ်ဆိုပြီးချီးကျုးကြတယ်၊ သူတို့တွေနဲ့ စကားပြောကြည့်ပါ သူတို့ အတွေးတွေအမြင် တွေက တဖက်လူအပေါ် အကောင်းမြင်စိတ်နဲ့ကြည့်ပြီး ပြောဆိုနေထိုင်မှု့ကြောင့် လူချစ်လူခင်ပေါတယ်ဆိုပြီး ချီးကျုးကြတာပါ။ ကျွန်တော် တို့အားလုံး ချီးကျုးခံထိုက်ပါတယ်။ မိမိရဲ့ ပြောဆိုနေထိုင်မှုတွေ ကို အကောင်းဘက် တွေးပြီး ပြုပြင်နေထိုင်မယ်ဆိုရင် လုပ်ငန်းခွင်မှာသာမက မိမိရဲ့ ပတ်ဝန်းကျင်မှာပါ ကောင်းတာတွေရရှိလာမှာ ဖြစ်ပါတယ်။

 

 


 

Office အတွင်း Positive Thinking

ကျွန်တော်တို့ တစ်နေ့တာအတွင်း အိမ်မှာနေသောအချိန်ထက် လုပ်ငန်းခွင်နဲ့ ပြင်ပနေရာများ မှာနေသော အချိန်က ပိုများမှာပါ။ လုပ်ငန်းခွင် မှာအကောင်းမြင်ခြင်းနဲ့ ပတ်သက်ပြီး ပြန်လည်မျှဝေပေးချင်ပါတယ်။ လူအများစုနဲ့ ပြောဆိုဆက်ဆံရသည့်အတွက်  လုပ်ဖော်ကိုင်ဖက်တွေပေါ်အပြင် တခြား လုပ်ငန်းနှင့် ဆက်စပ်မှုတွေကိုလဲ အကောင်းမြင်တတ်ရန်လိုပါသည်။ လုပ်ငန်းရဲ့သဘော သဘာဝအရ ကိုယ်တစ်ဦးတစ်ယောက်ထဲ လုပ်ဆောင်ရခြင်းက မရှိသလောက်နည်းပါး ပါသည် ၊ ဟုတ်ပြီ ဒါဆိုရင်ဘယ်လို စပြီး အကောင်းမြင်တတ်အောင် လုပ်ဆောင်ရမလဲ? ဥပမာ အနေဖြင့် ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဘက် က ကိုယ့်အပေါ်ဖြစ်စေ တခြားသူအပေါ်ဖြစ်စေ အမှားတခုခု ပြုလုပ်မိမယ် ဆိုပါတော့၊ ထိုအချိန် သူ့အပေါ်  ကျွန်တော် တို့ရဲ့ အမြင်တွေ အတွေးတွေ ဝင်ရောက်လာပါပြီ၊ ကျွန်တော် တို့စတင် တွေးတောလိုက်တာသည် မကောင်းသောအမြင်ဘက်ကနေ စတင်တွးကြခြင်းဖြစ်ပါသည်၊ ဟုတ်ပါတယ် အဲ့ဒီ အတွေးကို မောင်းမထုတ်ပါနဲ့ တွေးပါစေ မြင်ပါစေ၊ ပြောချင်တာက ကျွန်တော် တို့ အတွေးတွေကို တားဆီးလိုက်ရင် နောက်ထပ် အတွေးတွေ စိတ်ကူးတွေလဲ ထပ်ပြီး ပေါက်ဖွားလာတော့မှာ မဟုတ်တော့ဘူး၊ ဥပမာ စီးနေတဲ့ရေကို တစ်ခုခုနဲ့ တားလိုက်ရင် သူထပ်စီးမှာမဟုတ်တော့သလိုပေါ့၊ ဒါ့ကြောင့်ဝင်လာသော အတွေးများကို လက်ခံပြီးရင် သူ့ ကို အကောင်းဘက်ကနေပြန်တွေးဖို့ အတွက် လွယ်ကူသွားပါလိမ့်မယ်၊ ဒါမှသာလျင် အကောင်းနဲ့ အဆိုး ကိုယှဥ် ပြီး မြင်တတ်လာပါမယ်။ ထိုသူရဲ့အခက်အခဲတွေကိုလည်း မြင်လာမယ်၊ “သူ့ နေရာမှာ ငါသာဆိုရင်”ဆိုတဲ့ကိုယ်ချင်းစာနာစိတ်ထားတတ်လာမယ်၊ထိုသူ့အတွက်ကူညီဖြေရှင်းပေးရင် ကိုယ့်အခက်အခဲမှာလဲ အကူအညီတွေရလာမှာပါ။

အကောင်းမြင်ခြင်းဆိုတာ ကျွန်တော် တို့ လုပ်ဖော်ကိုင်ဖက်မှာပဲ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင် အနီးအနား အရာဝတ္ထု တွေအပေါ်မှာလဲ အကောင်းမြင်စိတ်နဲ့ မြင်လို့ တွေးလို့ ရပါတယ်။ နောက်အရေးကြီးတာကတော့ ကိုယ့်ကိုယ်ကို အပေါ်မှာလဲ အကောင်းမြင်တတ်ဖို့လည်း လိုပါတယ်။

 


 

Positive Thinking တိုးတတ်အောင် ဘယ်လိုနေထိုင်မလဲ?

  • ပျော်ပျော်နေပါ သင့်ကို ပျော်စေမယ့် အရာတွေနဲ့ ရှင်သန်ပါ။
  • ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် ပြုံးနိုင်ဖို့ ကြိုးစားပါ။
  • တခြားသူကို ကူညီပေးပါ။
  • အကောင်းမြင်စိတ်ရှိသောသူများနှင့် ပြောဆိုဆက်ဆံပါ။ ထိုသူတို့၏ အမြင်တွေ ကို အတုယူပါ။
  • ချိုသာစွာပြောဆို ဆက်ဆံပါ။
  • တစ်ပါးသူ ထိခိုက်နိုင်မည့် ပြောဆို ၊ ဆက်ဆံမှုမျိုး ရှောင်ရှားပါ။
  • သင့်ကိုယ် သင်ယုံကြည်ပါ။
  • သင့်ရဲ့ အတွေးတွေကို သန့်ရှင်းအောင်ထားပါ။

 


 

ကျွန်တော်တို့ အမြဲလိုလို ကောင်းသောအရာများနဲ့ပဲ ကြုံတွေ့ နေရမှာမဟုတ်ပါဘူး ဆုံးရှုံးမှု ၊ ကဲ့ရဲ့ မှု့ များစွာ နဲ့လဲ ကြုံဆုံနေရမှာ မလွဲပေ ။ အဆိုးများကြုံတွေ့တိုင်း စိတ်ဓာတ် မကျစေဖို့ ရှုံးနှိမ့်မှုများ ရှိလာတဲ့အချိန်တိုင်း အားမလျော့ပဲ

ကဲ့ရဲ့လှောင်ပြောင်ခြင်းတွေကို သင်ယူစရာအဖြစ်ပြောင်းလဲပြီး မိမိကိုယ်တိုင်ရဲ့ အကောင်းမြင်သောစိတ် ၊ သူတစ်ပါးအပေါ် အကောင်းမြင်သောစိတ် ထိုအကောင်းမြင်စိတ် များကပင် ကျွန်တော် တို့ကို ခွန်အား အဖြစ် ပံ့ပိုးပေးနေခြင်းဖြစ်ပါသည်။ ကျွန်တော် တို့သည်  များစွာသော လူထဲက လူသားတစ်ယောက် ဖြစ်သောကြောင့်  ကျွန်တော်တို့၏စိတ်များသည် အချိန် နှင့်အမျှ ပြောင်းလဲနေတတ်ပါတယ်။ ထို့ကြောင့် ကောင်းမွန်သော စိတ်တွေ မိမိမှာ ရှိဖို့ဆိုရင် မှန်ကန်သောနည်းလမ်းတွေနဲ့ ကောင်းသောအတွေးတွေကို တွေးတတ်အောင် လုပ်ဆောင်ရပေမည်။ ထိုအခါ သင့်ဘဝတလျှောက်လုံး စိုးရိမ်ပူပန်မှုများ မရှိပဲ အေးချမ်းစွားနေထိုင်နိုင်မယ်လို့ ယုံကြည်ပါတယ် ။
သင့် ဆီမှာ ကောင်းတဲ့ အတွေးတွေသာ တစ်ဘဝလုံးရှင်သန်နေမယ်ဆိုရင် ……

 

“ယခုလို အချိန်ပေးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ ။ ကောင်းမွန်သော အတွေးအမြင် များ ရှိကြပါစေ။ “