Self Motivation

Self Motivation ဆိုတာဘာလဲ။

ရှင်းရှင်းပြောရမယ်ဆိုရင် self motivation ဆိုတာစိန်ခေါ်မှုတွေရှိလာတဲ့အခါအားပေးဖို့အခြားသူကိုမလိုအပ်ဘဲမိမိကိုယ်တိုင်စိတ်အားတက်ကြွစွာလုပ်ဆောင်နိုင်တယ်လို့ဆိုရမှာပါ။လက်တွေ့မှာတော့ထင်သလောက်မရိုးရှင်းနိုင်ပါဘူး။

လူတိုင်းစိတ်ဓါတ်ကျဖူးကြမယ်ထင်ပါတယ်။စိတ်ဓါတ်ကျတာဟာ ပြဿနာမဟုတ်ပါဘူး။စိတ်ဓါတ်ကျဖူးတဲ့သူတွေဟာ ပုံမှန်ပါဘဲ ။ တစ်ခါလေးတောင်စိတ်ဓါတ်မကျဖူးတဲ့သူတွေကသာ ပြဿနာရှိတဲ့သူတွေပါ ။ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ စိတ်ဓါတ်ကျရလောက်တဲ့အထိ ဘာကိုမှမစွန့်စား မလုပ်ကြည့်ကြလို့ဘဲ။
ဒါပေမဲ့စိတ်ဓါတ်ကျပြီးရှေ့ဆက်မတိုးတော့ဘူးဆိုရင်တော့ အဲ့တာက အကြီးမားဆုံးပြဿနာပဲ အဲ့လိုစိတ်နဲ့ဘယ်အရာကိုပဲလုပ်လုပ်အဆင်ပြေမှာမဟုတ်ဘူး။
လူတိုင်းက အရာရာတိုင်းကို မွေးကတည်းကတက်လာတာမှမဟုတ်ဘဲ အစပိုင်းမှာတော့ ခက်ခဲကောင်းခက်ခဲပါလိမ့်မယ်။ အဲ့ဒီအခက်အခဲကဘယ်လောက်ထိကြာနိုင်မှာလဲ တစ်လလား တစ်နှစ်လား သည်းခံလိုက်ပါ ကြိုးစားကြည့်ပါ အခုချိန်မှာရင်းနှီးခဲ့ရတာတွေဟာ နောင်တစ်ချိန်မှာ အဆင်ပြေချောမွေ့စွာတက်လှမ်းနိုင်ဖို့ပါ။

တစ်ချို့အရာတွေ နှစ်ချီပြီးရင်းနှီးရတာတွေရှိမယ်။ ပေးဆပ်ရတဲ့အချိန်တွေကြာလို့စိတ်ဓါတ်ကျနေလား ??
စဉ်းစားကြည့်ပါအုံး ခက်ခဲတဲ့အရာတိုင်းကိုသာ အလွယ်တကူရနေမယ်ဆိုရင် ကြိုးစားအားထုတ်မှုတွေ အရည်အချင်းကွာခြားမှုတွေ အဆင့်သတ်မှတ်ချက်တွေဆိုတာ ဘယ်မှာရှိနေနိုင်ပါ့မလဲ။လက်ရှိအခြေအနေကိုအံတုပြီးရှေ့ဆက်နိုင်တဲ့သူကသာ အရည်အချင်းရှိတဲ့လူယောက်ဖြစ်လာတာမို့စိတ်ဓါတ်ကျတယ်ဆိုတာ လှုံ့ဆော်မှုရရှိဖို့အတွက် ခနတာငြိမ်သက်ခြင်းမျိုးလို့ပဲ မှတ်ယူစေချင်တယ်။

၁. စိတ်ကိုရှင်းအောင်ထားပါ။

ကိုယ်လုပ်နေတဲ့ ကိစ္စရပ်တစ်ခုအပေါ်မှာ အမြင်မကြည်ဘူး စိတ်ထဲမှာ မကျေမနပ် အားမလိုအားမရ    ဖြစ်နေမယ်ဆိုရင် စိတ်ပင်ပမ်းရတယ် ။ စိတ်ဓါတ်တွေကျမယ် ။ မပျော်မရွှင်ဖြစ်ရမယ်။အဲ့တာကြောင့်စိတ်ထဲမှာရှိနေတဲ့ မလိုအပ်တဲ့အရာတွေကိုဖယ်ထုတ်ပြီး စိတ်ကိုပွင့်ပွင့်လင်းလင်းထားပြီးဖွင့်ထားကြည့်ပါ။

၂. ကိုယ်နဲ့မဆိုင်တာတွေဖယ်ရှားတတ်ပါစေ။

ရှင်သန်နေထိုင်ရတဲ့ပတ်ဝန်းကျင်မှာ Negative Energy တွေအရမ်းများတဲ့အတွက်ကြောင့် ပတ်ဝန်းကျင်က ပြောသမျှ အရာရာတိုင်းကိုလိုက်ခံစားနေဖို့မလိုပါဘူး ကိုယ်နဲ့ဆိုင်တာတွေဘဲသိဖို့လိုအပ်ပါတယ်။အချိန်ဆိုတာအကန့်အသတ်ရှိတဲ့အတွက်ကြောင့် မဆိုင်တာတွေခေါင်းထဲထည့်ပြီး စိတ်ဓါတ်ကျနေလို့ရော လက်ရှိအရာတွေကပြေလည်သွားမှာလား။ ဒါကြောင့် မဆိုင်တာတွေခေါင်းထဲထည့်ပြီးDemotivate ဖြစ်နေမဲ့အစား သိဖို့လိုအပ်တာတွေပဲခေါင်းထဲထည့်ပြီး Motivate ဖြစ်အောင်ကြိုးစားနေထိုင်ကြည့်ပါ။

၃. အားငယ်စိတ်တွေအဝင်မခံပါနဲ့။

ငါလုပ်လို့ဖြစ်ပါ့မလား ငါကသူများတွေလိုမဟုတ်လို့ သူတို့လိုဉာဏ်မကောင်းလို့စတဲ့ သိမ်ငယ်စိတ်တွေမွေးပြီးစိတ်ဓါတ်ကျနေတဲ့အချိန်မှာ ကိုယ့်လိုတောင်ပညာသင်ခွင့်မရတဲ့ မိဘမဲ့ကလေးတွေ ရှိနေသေးတာကိုသတိရပါ။ ပြန်မရနိုင်တော့တဲ့ အရာတွေကိုတမ်းတပြီး စိတ်ညစ်မနေပါနဲ့။ လက်ရှိအချိန်မှာပျော်ရွှင်စွာဖြတ်သန်းပါ။

၄. ဘဝအတွက်အစီအစဉ်ဆွဲပါ။

ကိုယ်ဘာဖြစ်ချင်တာလဲ။ ဘာဆက်လုပ်မှာလဲ။ ဘယ်လိုပုံစံနဲ့လဲ စသဖြင့် Plan ရှိဖို့လိုအပ်ပါတယ်။
ဘဝမှာ ဖြစ်ချင်တဲ့ရည်မှန်းချက် ရှိတာဖြစ်တဲ့အတွက် ငါစိတ်ဓါတ်ကျနေလို့မဖြစ်ဘူး ငါ့ဘဝ plan အတွက် ကြိုးစားရအုံးမယ်ဆိုတဲ့စိတ်နဲ့ motivation တက်လာမှာဖြစ်တယ်။ဆင်ခြေမပေးပါနဲ့ ။အစီအစဉ်အတိုင်းဖြစ်မလာမှာမကြောက်ပါနဲ့။ ဘာမှမလုပ်ရင်ကောင်းတာလဲဖြစ်လာမှာမဟုတ်သလိုဆိုးတာလဲရှိလာမှာမဟုတ်ပါဘူး။
အနိမ့်အမြင့် အတက်အကျမရှိတဲ့ဘဝကြီးကဘယ်လောက်များငြီးငွေ့စရာကောင်းလိုက်မလဲ။

၅. TEA

     T = Thinking
     E = Emotion
     A = Action 

     (မလုပ်ခင်မှာ စဉ်းစားပါ။ စိတ်ပါဝင်စားမှုရှိပါ ။ တက်နိုင်သ၍အကောင်းဆုံးလုပ်ဆောင်ပါ။)